Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီးသမဝါယမကဏ္ဍမှ ငါးမျိုးစုံ မွေးမြူထုတ်လုပ်


01 Jun,2022

ပဲခူး၊ ဇွန်  ၁

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် နေဝန်းနီငါးမွေးမြူရေးကုန်ထုတ်သမဝါယမအသင်းလီမိ တက်နှင့် ဉဿာငါးကုန်ထုတ်သမဝါယမအသင်းလီမိတက်၊ တောင်ငူမြို့နယ် ကေတုမတီငါးကုန် ထုတ် သမဝါယမအသင်းလီမိတက်၊ ကျောက်တံခါးမြို့နယ် ကန်သာယာငါးမွေးမြူရေးနှင့် စိုက်ပျိုးထုတ်လုပ်ရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက်နှင့် လက်ပံတန်းမြို့နယ် ကန်(၁၀၀) ငါးမွေးမြူရေးနှင့်စိုက်ပျိုးထုတ်လုပ်ရေးကုန်ထုတ်သမဝါယမအသင်းလီမိတက်များ၏  ငါးကန်များမှ ငါးမုတ်၊ ငါးတန်၊ ငါးမြစ်ချင်း၊ ငါးကြင်းနှင့် ငါးခေါင်းပွ စသည့် ငါးမျိုးစုံ မွေးမြူထားရှိပြီး ၎င်းငါးကန်များမှ ရရှိသည့် ငါးပိဿာချိန် ၂၈၈၄၉၈ ကို အသင်းသားပြည်သူများ ဝယ်ယူစားသုံး နိုင်စေရန် လက်လီလက်ကားဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm