ရေဖြူ စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သမဝါယမဦးစီးဌာနရှိ မိုးစပါး စိုက်ပျိုးသူတောင်သူများ အသင်းဝင်များကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငွေကျပ်(၁၇၀၄) သိန်းထုတ်ချေးပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲက အ-ထ-က ရေဖြူ ကျောင်းခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ရေဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းအိဝင်းက ချေးငွေထုတ်ချေးပေးရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။
ရေဖြူမြို့နယ်၊ သမဝါယမဦးစီးဌာနရှိ အသင်းစုများထဲမှ မိုးစပါးစိုက်ပျိုးသူ တောင်သူများ၏ မိုးစပါးစိုက်ဧက (၈၅၂)ဧကအတွက် သွင်းအားစုနှင့် မျိုးစပါးများဝယ်ယူနိုင်ရန် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းကို အတိုးနှုန်း တစ်ကျပ်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
ခတ္တာ(ရေဖြူ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်