Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် လက်တက်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး


08 Sep,2023

တောင်တွင်ကြီး      စက်တင်ဘာ        ၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်တွင်းကြီးမြို့နယ် လက်တက်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင် ရွက်‌နေမှုအခြေအနေကို တာဝန်ရှိသူများက စက်တင်ဘာ ၇ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးနှင့် တာဝန်ရှိသူ များသည် လက်တက်ကျေးရွာသောက်သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ ၄ လက်မအကျယ် အနက် ၈၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းအရှည် ၅၀၀၀ ပေသွယ်တန်းခြင်းလုပ်ငန်းများဆောင်ရွက်‌နေမှုအ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ရွှေပန်းအောင်ကုမ္ပဏီမှတာဝန်ရှိသူအား လုပ်ငန်းများအားလုံး သတ်မှတ်စံနှုန်းများအတိုင်း အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၊ လက်တက်ကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၇ ဒသမ ၁၈၆ သန်းဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ဌာနမှတာဝန်ယူ‌၍လည်းကောင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေကျပ် ၂၃ ဒသမ ၃၃ သန်းဖြင့် ရွှေပန်းအောင် ကုမ္ပဏီက တာဝန်ယူ၍လည်းကောင်း ဩဂုတ်လ ၁၁ ရက်နေ့က စတင်ဆောင် ရွက်ခဲ့ရာ ယနေ့တွင် ၃၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၃၂၂ အိမ်၊ လူ ၁၂၄၂ ဦးနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေလုံလောက်စွာရရှိမည်ဖြစ်ကြောင်း မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm