ကျောက်ဖြူ စက်တင်ဘာ ၆
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လမ်းတံတားများကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်ကျော်၊ စီမံကိန်းစစ်ဆေးရေး နှင့် အရည်အသွေးထိန်းသိမ်းရေးဌာန (QC) လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်းနှင့်အဖွဲ့၊ ကျောက်ဖြူမြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ) ဦးဖြိုးမင်းအောင်နှင့် ကုမ္ပဏီများမှ တာဝန်ရှိ သူများက၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံ ငွေဖြင့် တည်ဆောက်လျက်ရှိသော မျှောချောင်း၊ သိုင်းချိန် ကျေးရွာချင်းဆက်လမ်း နှင့် စံပါယ်ချောင်- အနောက်ထိန်ဒွေကျေးရွာချင်းဆက်လမ်း တည်ဆောက်ရေး လုပ်ငန်းများကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်