မာန်အောင် စက်တင်ဘာ ၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လမ်းတံတားများအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်ကျော်၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်သွေးထိန်းသိမ်းရေးဌာန(QC) လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်းနှင့်အဖွဲ့ မာန်အောင်မြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးသန်းနိုင်ဦးနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ ပြည်နယ် (ငွေလုံးငွေရင်း) ခွင့်ပြု ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော မာန်အောင်-ခအုံးမော် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်း၊ ဇီးတော-အိုးဝကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် ဘူးတောင်းကွဲ-ဟင်းစနဲလမ်းကျောက်ခင်းခြင်း တည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်စစ်ဆေးပြီး လုပ်ငန်းများနှင့် ပတ်သက်၍ အရည်သွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်တွင် အချိန်မီပြီးစီးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။