Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းသို့ တက်ရောက်


06 Sep,2023

နေပြည်တော် စက်တင်ဘာ ၆

သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းရုံး ဖွဲ့စည်းခြင်း (Organizing)၊ ပညာပေးခြင်း(Educating)၊ ထိန်းကျောင်းတည့်မတ်ခြင်း (Regulating) တို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ပညာပေးရေးကဏ္ဍအနေဖြင့် ထုတ်ပြန်ပြဋ္ဌာန်းထားသည့် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ သမဝါယမ၏ အခြေခံသဘောတရားများ၊ အခြေခံမူများ၊ အနှစ်သာရများနှင့် ကျင့်ဝတ်များအား ယခုထက်ပို၍ ကျယ်ပြန့်စွာ သိရှိနားလည် သဘောပေါက်စေရန်နဲ့ သင်တန်းမှ လေ့ကျင့်သင်ကြားမှုများကို အလေးထား သင်ယူကြစေလိုကြောင်း၊ သင်တန်းမှ ပို့ချပေးမှုများအပြင် ပြင်ပဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြပြီး လက်တွေ့အမှန်တကယ် လုပ်ဆောင် ကြရန်၊ တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ကြရန်၊ သမဝါယမအသင်း အမှုဆောင်နှင့် အသင်းဝန်ထမ်းများကိုလည်း သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြား ချက်များနှင့် သမဝါယမလုပ်ငန်းများ သိရှိနားလည်တတ်ကျွမ်းပြီး အကျိုးရှိစွာ ပြန်လည် အသုံးချ ဆောင်ရွက်ကြရန်၊ သမဝါယမစနစ် ပီပြင်စွာဖြင့် ပြည်သူများကို ဝန်ဆောင်မှုပေးနိုင်ပြီး သမဝါယမစနစ်၏ ကောင်းကျိုးများကို ဖော်ဆောင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော သမဝါယမဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဦးလှမိုးက ပြောကြားသည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင် သမဝါယမအသင်းများ၏ စာရင်း များအား စနစ်တကျမှန်ကန်စွာ စစ်ဆေးနိုင်ရန် စာရင်းစစ်ဆေးခြင်းများ၊ သမဝါယမအသင်း ဖွဲ့စည်း သည်မှ စာရင်းရှင်းလင်းဖျက်သိမ်းသည်အထိ အသုံးချရမည့် သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအပြင် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအား သိရှိနိုင်စေရန်၊ ကုန်ထုတ်ဝန်ဆောင်သမဝါယမ အသင်းများ အဆင့်မြှင့်တင်ခြင်း၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ နိုင်ငံတော်ဘတ်ဂျတ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးလုပ်ငန်းများ၊ သမဝါယမအသင်းပိုင်ငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ OVOP အတွက် (Pilot Project) ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်း စည်းမျဉ်းနှင့် ရုံးလုပ်ငန်းဘာသာရပ်များကို သင်ကြားပို့ချပေးသွားမှာ ဖြစ်ကြောင်း၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက် ရှိရာတွင်  သမဝါယမဦးစီးဌာနအနေဖြင့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ ချမှတ်ကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရေး၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုသမဝါယမအသင်းများ ဖွံ့ဖြိုးစေရေးတို့အတွက် သမဝါယမအသင်း အဆင့်ဆင့်တို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊

          သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် တစ်ပိုင်တစ်နိုင်မွေးမြူရေးမှ စီးပွားဖြစ်မွေးမြူနိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်း များ အောင်မြင်မှုရရှိရေး၊ လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ ရန်ပုံငွေစီးဆင်းမှု စနစ်ကျ မှန်ကန်မှုရှိစေရေး တို့အတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ကိုင်ကြရန် ပြောကြားလိုကြောင်း၊

သမဝါယမသည် စုပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းဖြင့် လုပ်ဆောင် ၍ မဖြစ်နိုင်သောကိစ္စကို စိတ်တူကိုယ်တူအတူတူပူးပေါင်းလုပ်ကိုင်မှသာ အောင်မြင်မှု အနှစ်သာရကို ဖော်ဆောင်နိုင်မှာဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သမဝါယမလုပ်ငန်း များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ တစ်ဦးတစ်ယောက် ဆောင်ရွက်ခြင်းထက် အများ စုပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ပြီး ဦးစီးဌာနအချင်းချင်းသော် လည်းကောင်း၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်း အချင်းချင်းသော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း၊ သမဝါယမဦးစီးဌာန သည် ပြည်သူနှင့်အများဆုံးထိတွေ့ရသော ဌာနဖြစ်သည့်အတွက် ပြည်သူတို့၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ အခက်အခဲပြဿနာတိုင်းမှာ အဖြေရှိကြောင်း စုပေါင်းလုပ်ဆောင်၍ အဖြေရှာရမည်ဖြစ်ကြောင်း၊ သမဝါယမအသင်းများဖွဲ့စည်းပေးပြီးရုံနှင့်မပြီးဘဲ အသင်းများ၏ လိုအပ်ချက်များကို မေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။

ထို့နောက် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမဦးစီးဌာန မှ ဆောင်ရွက်နေသော နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများနှင့် ဝန်ထမ်းများ လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရေး သင်တန်းဖွင့်လှစ်ပေးနေမှုများအား ရှင်းလင်းတင်ပြသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာထမ်းစုစုပေါင်း (၁၅၀) ဦးတို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm