ကျွန်းစု စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး စိုက်ပျိုးရေးစီမံကိန်းမြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ အသင်းသားတောင်သူများ၏ စိုက်ဧက (၂ဝဝ) အတွက် (၁)ဧကလျှင်(၂)သိန်းနှုန်းနှင့် ညီမျှသော မတည်ချေးငွေ(သွင်းအားစု/ မျိုးစပါး) များအား မြိတ်မြို့ရှိ ကျွန်းစုမြို့နယ်သမဝါယမအသင်းစုခွဲရုံး၌ ပေးအပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးဇော်မင်းဆွေက အမှာစကားပြောကြားခဲ့သည်။ထိုနောက် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ ကျွန်းစုမြို့နယ်၊ စိုက်ဧက(၂ဝဝ)အတွက်( ၁ )ဧကလျှင်( ၂ ) သိန်း နှုန်းနှင့် ညီမျှသောမတည်ငွေ(သွင်းအားစု/မျိုးစပါး)များအား မြို့နယ်အဆင့်မိုးစပါးစိုက်ပျိုးရေး စီမံကိန်း(မြစိမ်းရောင်)ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက မြို့နယ် အတွင်းရှိ သမာဓိ(လယ်ယာနှင့်အထွေထွေ)သမဝါယမအသင်းရှိ အသင်းသားတောင်သူ(၅၁)ဦးထံ ပေးအပ်ခဲ့သည်။ထိုနောက် အသင်းသားတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင် စကားပြောကြားခဲ့ပြီး မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်