Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


31 May,2022

နေပြည်တော်၊ မေ ၃၁
ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (OVOP)အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ခေတ်မီစံပြကျေးရွာထူထောင်နိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီခွဲတွင် နေပြည်တော်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ်ဌာနခွဲမှ ညွှန်ကြားရေးမှူးများ၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး က လမ်းညွှန်အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြှင့်မားရေးအတွက် မိမိတို့ဌာနက ဆောင်ရွက်ပေးလျက်ရှိသည့် သင်တန်းများကို သုံးသပ်၍ နည်းပညာအဆင့်မြှင့်တင်နိုင်ရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ စံပြကျေးရွာများတွင် ဖွင့်လှစ်ပေးခဲ့သော သင်တန်းများမှ အမှန်တကယ် လုပ်ငန်းထူထောင်လိုသူများကိုလည်း ကူညီဆောင်ရွက်ပေးနိုင်မည့် အစီအမံများ၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (OVOP) ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က အစည်းအဝေးခေါ်ယူရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စီမံကိန်းဌာနခွဲ ညွှန်ကြားရေးမှူးက ဆောင်ရွက်ထားသည်များကို ရှင်းလင်းတင် ပြသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြပြီးနောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm