Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် လက်တက်ကျေးရွာ၌ ကွန်ကရစ်တံတားတည်ဆောက်နေမှု စစ်ဆေး


07 Sep,2023

တောင်တွင်ကြီး      စက်တင်ဘာ        ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်တွင်းကြီးမြို့နယ် လက်တက်ကျေးရွာ၌ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင် ရွက်‌နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးနှင့် တာဝန်ရှိများသည် လက်တက်ကျေးရွာကွန်ကရစ်တံတားဖြစ်‌မြောက်ရေးကော်မတီဝင်များနှင့်အတူ ကျေးရွာအဝင်လမ်းပေါ်၌ အလျား ၄၀ ပေ အနံ ၁၄ ပေ  အမြင့် ၇ ပေ ရှိသော ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်‌နေမှုအ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက Dears Brain ကုမ္ပဏီမှ တာဝန်ရှိသူအား ကွန်ကရစ်တံတားအား သတ်မှတ်စံနှုန်းများအတိုင်း အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ငါးဆယ် ဒသမ ၅ သန်းဖြင့် လက်တက်ကျေးရွာအဝင်လမ်းပေါ်၌ အလျား ၄၀ ပေ အနံ ၁၄ ပေ  အမြင့် ၇ ပေ ရှိသော ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို Dears Brain ကုမ္ပဏီက တာဝန်ယူ၍ ဇွန်လ ၂၃ ရက်နေ့က စတင်ဆောင် ရွက်ခဲ့ရာ ယနေ့တွင် ၄၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၃၂၂ အိမ်၊ လူ ၁၂၄၂ ဦးအတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလွယ်ကူလာမည်ဖြစ်ကြောင်း မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm