Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ် ကြံဖိုကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


07 Sep,2023

နေပြည်တော် စက်တင်ဘာ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာအုပ်စု၊ ကြံဖိုကျေးရွာ၌ နေပြည်တော်ကောင်စီခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်တင်တင်ခိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီမှတာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များ နှင့်အတူ ကြံဖိုကျေးရွာ၌ နေပြည်တော်ကောင်စီခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။

ကြံဖိုကျေးရွာ ကျေးလက်ရေရရှိရေး အကျယ်လေးလက်မ အနက်ပေ ၄၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ အမြင့်ပေ ၂၀ ရှိ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေကျပ် ၂၆ ဒသမ ၆၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုဋေစံကုမ္ပဏီက ဩဂုတ်လ ဒုတိယအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ  ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရ သည်။

အဆိုပါ ကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၈၂ အိမ်၊ လူဦးရေ ၆၉၈ ဦးတို့ အတွက် ရာသီမရွေး သောက်သုံးရေ အခက်အခဲများ အဆင်ပြေနိုင်မှာဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm