Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် အရှေ့ကန်ဘောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒဿမ အကြိမ်ထုတ်ချေးပေး


07 Sep,2023

စလင်း      စက်တင်ဘာ       ၇
 
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအ‌နေဖြင့်ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်၊တစ်နိုင်တစ်ပိုင်စိုက်ပျိုး‌ မွေးမြူရေးလုပ်ငန်းများ၊အခြားမိသားစုဝင်ငွေရစီးပွား‌ရေးလုပ်ငန်းများ‌ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အရှေ့ကန်ဘောင် ကျေးရွာအုပ်စု၊အရှေ့ကန်ဘောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒဿမ အကြိမ်ထုတ်ချေးပေးခြင်းကို စက်တင်ဘာ ၆ ရက်နေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်ကြူကတက်ရောက်လာသူများအား မိတ်ဆက်အမှာစကား ပြောကြားပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊စီမံကိန်းလုပ်ငန်းလည်ပတ်ဆောင်ရွက်ပုံအဆင့်ဆင့် ၊စီမံကိန်းလက်စွဲစာအုပ်ပါနည်းဥပဒေနှင့်စည်မျဉ်းစည်းကမ်းများ၊မတည်ရန်ပုံငွေ အရင်းအတိုးပေးဆပ်ရမည့်ကာလများအားရှင်းလင်းပြောကြားပြီး‌နောက် အရှေ့ကန်ဘောင်ကျေးရွာ၌ဒဿမ အကြိမ်ထုတ်ချေးမည့် ရန်ပုံငွေ ကျပ် ၅၁ ဒသမ ၁သန်းအား ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
 
ထို့နောက် ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့သည် မြို့နယ်မှတာဝန်ရှိသူများ၏ ကြီးကြပ်မှုနှင့်အတူ ဒဿမ အကြိမ်တွင်စိုက်ပျိုးရေးလုပ်ကိုင်သူ(၆၄)ဦးအတွက်ကျပ် ၁၅ဒဿမ ၆၅သန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁၄၀)ဦးအတွက် ကျပ် ၃၄ဒဿမ ၁၅သန်းနှင့်အသက်‌မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ(၆)ဦးအတွက်‌ ငွေကျပ် ၁ဒဿမ၃သန်းစုစုပေါင်းချေးငွေရယူသူ အသင်းသား(၂၁၀)ဦးအတွက် ငွေကျပ် ၅၁ဒသမ၅သန်းအားတောင်သူလက်ဝယ်ရောက်ရှိအေင်ထုတ်ချေးပေးခဲ့ပြီး လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိကြောင်းစလင်းမြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm