နမ့်ဆန် စက်တင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ဇယန်းမန်မိုင်-ဟိုလတ် ကျေးရွာချင်းဆက်ကျောက်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု များကို စက်တင်ဘာ ၅ ရက်က တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
နမ့်ဆန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၁)(မြို့ပြ) ဦးဟိန်းထက်လင်းနှင့် တာဝန်ရှိသူများက၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၇၁ သန်းဖြင့် ဆောင်ရွက်သည့် နမ့်ဆန်မြို့နယ်ရှိ ဇယန်းမန်မိုင်-ဟိုလတ် ကျေးရွာချင်းဆက် ကျောက်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး အငယ်တန်းအင်ဂျင်နီယာ(၁)(မြို့ပြ) ဦးဟိန်းထက်လင်းက လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
နမ့်ဆန်မြို့နယ် ဇယန်းမန်မိုင်- ဟိုလတ် ကျေးရွာချင်းဆက် ကျောက်လမ်းခင်းခြင်းလုပ်ငန်း လမ်းအရှည် ငါးဖာလုံ၊ လမ်းအကျယ် ၁၆ ပေ၊အမြင့် ခြောက်လက်မ ကျောက်လမ်းခင်းခြင်း လုပ်ငန်းများကိုနမ့်ဆန်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် ဇွန်၁ ရက် တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၂ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာနှစ်ရွာမှ အိမ်ထောင်စု ၁၁၈ စုတို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇောဦး(မောရှမ်းမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်