ကျိုက်လတ် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငပိချောင်းကျေးရွာအုပ်စု၊ ခနောင်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်း ၄၀၀ဗို့အားလိုင်း မီးကြိုးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်နှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းတာဝန်ခံများနှင့်အတူ ခနောင်ကျေးရွာ၌ လျှပ်စစ်မီးရရှိရေးအတွက် ၄၀၀ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးစားပေးကြသလို အဆိုပါလုပ်ငန်း မပျက်မစီးအောင်၊ ရေရှည်ကောင်းမွန်အောင်လည်း ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ခနောင်ကျေးရွာတွင် ကျေးရွာတွင်း ၄၀၀ဗို့အားလိုင်း ၂၅၀၀ပေ သွယ်တန်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေေကျပ် ၁၅၀ သိန်း ရင်းနှီးမြှုပ်နှံပြီး၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်သိန်း ၁၀၀စုစုပေါင်း ကျပ်သိန်း ၂၅၀ဖြင့် မြို့နယ်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၊ အင်ဂျင်နီယာဝန်ထမ်းများ၏ ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ဇူလိုင်လ စတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးဖြစ်ရာ ခနောင်ကျေးရွာရှိ ကျေးလက်နေပြည်သူတို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုစနစ်များ၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓါတ်များ စသည့်တို့မှာ ယခင်ကထက် ဖွံ့ဖြိုးတိုးတက်လာကြောင်း ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်