Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် မကျီးပင်ပုကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ဖြင့်လုပ်ငန်းဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး


06 Sep,2023

စလင်း     စက်တင်ဘာ     ၆
 
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ပြည်ပမှစားသုံးဆီတင်သွင်မှုနှုန်းလျော့ကျလာစေရန် ရည်ရွယ်၍ မကျီးပင်ပုကျေးရွာအုပ်စု ၊မကျီးပင်ပုကျေးရွာ၌ မြစိမ်း‌ရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ဖြင့် လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများအား မြိုနယ်မှ တာဝန်ရှိသူများက ‌စက်တင်ဘာ(၅) ရက်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦး‌မောင်မောင်သွင်နှင့်ဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ) လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ 
မကျီးပင်ပု ကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ချေးငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊လစဉ်ဖြည့်သွင့်ရမည့် စာရင်းဇယားများ စနစ်တကျဖြည့်သွင်းထားမှုနှင့် စီမံကိန်းဆိုင်ရာညွှန်ကြားချက်များ၊စည်းမျဉ်း စည်းကမ်းများအပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေများအား စစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
 
အဆိုပါ မကျီးပင်ပုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင်ငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၎င်းချေးငွေဖြင့် နေကြာအပါအဝင် အခြား ဆီထွက်သီးနှံ စိုက်ပျိုးတောင်သူ(၁၂၇)ဦးတို့အားမတည်ရန်ပုံငွေထုတ်ချေးပေးပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm