Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကမ်းနီ-ပိဿလိမ်းလမ်း မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး


06 Sep,2023

နေပြည်တော် စက်တင်ဘာ ၅

            သရက်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ်များမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဇာလှိုင်သန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

           ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ် ၇၅ ဒသမ ၅၈ဝ သန်းဖြင့် ကမ်းနီ- ပိဿလိမ်း ကျေးရွာချင်းဆက်လမ်း(၂/၁) မိုင်အား မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်းနှင့် မြေနီခင်းခြင်း အကျယ် ၁၈ ပေနှင့် ၈ လက်မထု ခင်းကြိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။

        ၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉ဝ ရာခိုင်နှုန်းအပေါ် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ်အသုံးပြုနိုင်ရန် ရေးဆွဲထားသည့် ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ နှစ်စဉ်အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

          ကမ်းနီ-ပိဿလိမ်းလမ်း အဆင့်မြှင့်တင်နိုင်ခဲ့သည့်အတွက် ယင်းလမ်းကိုအသုံးပြု၍ ကျေးရွာသုံးရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် အမြန်ဆုံးဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အပြင် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်နှင့် မြို့ပြကွာဟမှုလျှော့ချနိုင်ရေးကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm