Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာချင်းဆက်လမ်းပေါ်၌ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး


06 Sep,2023

           မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် ရည်ရွယ်၍ ပြည်ထောင်စုခွင့်ပြု ငွေဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းပေါ်၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အရှည်ပေ ၆ဝ ရှိ သံကူကွန်ကရစ်တံတားတည်ဆောက်နေမှု အခြေအနေများကို စက်တင်ဘာ ၄ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူးနှင့် တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ခံအင်ဂျင်နီယာများလိုက်ပါ၍ ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းပေါ်၌ အရှည်ပေ ၆ဝ ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ တာဝန်ခံ အင်ဂျင် နီယာများက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များကို ရှင်းလင်းတင်ပြကြသည်။

          ထို့နောက် တာဝန်ရှိသူများက တံတားတည်ဆောက်နေမှုလုပ်ငန်းနှင့် စပ်လျဉ်းပြီး ဒေသခံပြည်သူများ ရေရှည် အသုံးပြုသွားလာနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေးပြည့်မီရန်နှင့် အချိန်မီ ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။

         ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းပေါ်၌ ဆောင်ရွက်လျက်ရှိသည့် အရှည်ပေ ၆ဝ ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် တင်ဒါအောင်မြင်သည့် သုခစုလျှံကုမ္ပဏီက ဇူလိုင် ၁၄ ရက်မှ စ၍ တာဝန်ယူ တည်ဆောက်ခဲ့ ရာ လက်ရှိတွင် ၃၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm