Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏တာဝန်ရှိသူများနတ်စိမ်းကျေးရွာကုန်ထုတ်လမ်းသို့ကွင်းဆင်းစစ်ဆေး


05 Sep,2023

ပုသိမ်ကြီး စက်တင်ဘာ ၅

ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်     ငွေလုံးငွေရင်း(မူလ)ခွင့်ပြုရန်ပုံငွေဖြင့် ရွှေပြည်သစ္စာကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသော နတ်စိမ်းကျေးရွာကုန်ထုတ်လမ်း(၃)ကွင်းအမှတ် (၄၅၂+၄၅၃)ဂျင်းလမ်း(၂/၀)မိုင်အား ယနေ့နံနက်(၁၀)နာရီအချိန်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

နတ်စိမ်းကျေးရွာကုန်ထုတ်လမ်း(၃)ဂျင်းလမ်း (၂/၀)မိုင်အား (၂၆.၆.၂၀၂၃)ရက်နေ့တွင် လုပ်ငန်း  စတင်ဆောင်ရွက်ပြီး ယနေ့အချိန်ထိ (၉၀%)ပြီးစီးပြီဖြစ်၍ (၂၉.၈.၂၀၂၃)ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ဦးစန်းယုလှိုင်၊ ဦးစီးအရာရှိ (နည်းပညာ)  ဒေါ်မိုးမိုးခိုင်တို့သည် Plate Bearing Test ဖြင့် လမ်း၏သတ်မှတ်ခံနိုင်ဝန် ပြည့်မီမှု ရှိ/မရှိ တိုင်းတာခြင်းအား ကွင်းဆင်းခဲ့ပါသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးက ရွှေပြည်သစ္စာကုမ္ပဏီ၏ တာဝန်ရှိသူများအား ကုန်ထုတ်လမ်းအား သတ်မှတ်ရက်အတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm