Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမ်းခရိုင်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဂါယ်လောင်းကျေးရွာကျေးလက်အိမ်ရာ(၆)လုံး ဆောင်ရွက်နေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး


05 Sep,2023

အမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဆည်းလည်းသာကုမ္ပဏီလိမိတက်မှ တာဝန်ယူဆောင်ရွက်သည့် အမ်းခရိုင်၊ အမ်းမြို့နယ်၊ ဂါယ်လောင်းကျေးရွာ ကျေးလက်အိမ်ရာ(၆)လုံး တည်ဆောက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေမှုအား ခရိုင်ဦးစီးမှူး ဦးမောင်မောင်စိုး၊ ခရိုင်အင်ဂျင်နီယာ ဒေါ်စုစုလှိုင်၊ မြို့နယ်အင်ဂျင်နီယာ ဦးကျော်ဌေးလွင်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများ လိုက်ပါ၍ (၄.၉.၂၀၂၃) ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။

ဦးစီးဌာနမှကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ကြန့်ကြာမှုမရှိစေဘဲ အချိန်မှီပြီးစီးနိုင်ရေးအတွက် ကျေးရွာသူ/သားများနှင့်တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အရည်အသွေးပြည့်မှီစေရေးနှင့် အချိန်မှီပြီးစီးအောင် ဌာနမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm