မြောက်ဦး စက်တင်ဘာ ၄
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ကုတိုးကျေးရွာအဝင်လမ်းပေါ်ရှိ Box Culvert တစ်စင်းနှင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြောက်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးထွန်းရန်နိုင်သူ၊ မြောက်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးစောထွန်းနိုင်၊ ခရိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် အတူ Box Culvert တစ်စင်းနှင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းရန်နိုင်သူက ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားထိန်းသိမ်းရန်နှင့် တန်ပိုယာဉ်များ ဖြတ်သန်းသွားလာခြင်းကို စနစ်တကျစိစစ်ပေးရန် မှာကြားသည်။
မြောက်ဦးမြို့နယ် ကုတိုးကျေးရွာအဝင်လမ်းပေါ်ရှိ အလျား ၁၀ ပေ၊ အကျယ်ပေ ၂၀၊ အမြင့် ခြောက်ပေရှိ Box Culvert တည်ဆောက်ခြင်းနှင့် အရှည်ပေ ၁ဝဝ၊ အမြင့် ခြောက်ပေရှိ ကျောက်စီမြေထိန်း နံရံတည်ဆောက်ခြင်း လုပ်ငန်းကို ယခု ဘဏ္ဍာနှစ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေကျပ် ၂၃ ဒသမ ၇ သန်းဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် ဇွန်လ ဒုတိယပတ်အတွင်း စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ထိ ၉၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
ကိုသန်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်