တောင်ကြီး စက်တင်ဘာ ၄
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဘုရားနီ-ဘုရားမဲ ကျေးရွာချင်းဆက်လမ်း မြေသားခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်ရှိ အုတ်ဖိုချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်၊ တောင်ကြီး ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဟန်ကိုကိုစိုး၊ တောင်ကြီး မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်မျိုးသီရိလှိုင်နှင့် တာဝန်ရှိသူများက ဘုရားနီ-ဘုရားမဲ ကျေးရွာချင်းဆက်လမ်း မြေသားခင်းခြင်းလုပ်ငန်းနှင့် အုတ်ဖိုချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ် ဦးလှခိုင်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဘုရားနီ-ဘုရားမဲကျေးရွာချင်းဆက်လမ်း အရှည် နှစ်မိုင် ခြောက် ဖာလုံကို မြေသားလမ်း အကျယ် ပေ ၃၀ ချဲ့၍ သဲဗြုန်း အကျယ် ၁၈ ပေ၊ အမြင့် လေးလက်မ ခင်းခြင်းလုပ်ငန်းကို ပြည်နယ် ငွေလုံးငွေရင်း မူလခွင့်ပြု ရန်ပုံငွေ ကျပ် ၁၂၃ ဒသမ ၁၁ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လည်းကောင်း၊ အုတ်ဖိုချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်း အရှည် ပေ ၅ဝ၊ အကျယ် ပေ ၂ဝ ကို ပြည်နယ် ငွေလုံးငွေရင်း မူလခွင့်ပြု ရန်ပုံငွေ ကျပ် ၂၃၀ ဒသမ ၈၉ သန်းဖြင့် ဓနုမင်းသားကုမ္ပဏီက ယခုနှစ် ဇွန်လ ဒုတိယပတ်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း၏ ၆၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးမင်းသန့်ထံမှ သိရသည်။
ဟိန်းထက်ဇိုး(မလှိုင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်