Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့နယ်အင်ဂျင်နီယာ(တာဝန်ခံ)များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၂/၂၀၂၃)သင်တန်ဆင်းပွဲ အခမ်းအနား ကျင်းပ


05 Sep,2023

နေပြည်တော် ၊ စက်တင်ဘာ ၅ ရက်

       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်အင်ဂျင်နီယာ (တာဝန်ခံ) များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၂/၂၀၂၃)ဆင်းပွဲ အခမ်းအနားကို (၅-၉-၂၀၂၃)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီ အချိန်တွင်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်းတက်ရောက်ကြသည့် သင်တန်းသား/သူများ တက်ရောက်ကြသည်။ 

        ရှေးဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်းက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် ဒေါက်တာထွန်းမြင့်အောင်တို့က သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

            အဆိုပါသင်တန်းကို ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၄၂)ဦး တက်ရောက်ခဲ့ ကြပြီး သင်တန်းကာလကို (၂၈-၈-၂၀၂၃)မှ (၅-၉-၂၀၂၃)ရက်နေ့ထိ သင်ကြားပို့ချပေးခဲ့ပါကြောင်းသိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm