Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းရှိ ကျေးလက် ရေရရှိရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေ မြေပြင်ကွင်းဆင်းစစ်ဆေး


05 Sep,2023

လောက်ကိုင်     စက်တင်ဘာလ   ၅

    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း(မူလ) ခွင့်ပြုရန်ပုံငွေ ကျပ်(၅၁.၄၂၀)သန်းဖြင့်  တင်ဒါအောင်မြင်သော Platinum Villageကုမ္ပဏီမှ လောက်ကိုင်မြို့နယ်၊ မန်တုံပါးကျေးရွာအုပ်စု၊ ရှောက်ထန်ပါးကျေးရွာ၌ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် စိမ့်စမ်းရေ ရရှိရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို စက်တင်ဘာလ(၅)ရက်၊ နံနက်(၉)နာရီအချိန်တွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ လောက်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်နန်းနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနမှ သတ်မှတ် ထားသော စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် အလေးထား ဆောင်ရွက်ရေး တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

    ရှောက်ထန်ပါးကျေးရွာ၌ ကျောက်စီရေတားတမံ (၂၅ပေx၅ပေx၃ပေ) တည်ဆောက်ခြင်း လုပ်ငန်း၊ (၂)လက်မØ(၂)မိုင်(၄)ဖာလုံ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ရေဂါလံ (၅၀၀၀)ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများကို တင်ဒါအောင်ကုမ္ပဏီမှ ဇူလိုင်လ ဒုတိယ ပတ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး (၅၀%)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် အဆိုပါ ကျေးရွာရှိ အိမ်ခြေ(၅၇)အိမ်၊ လူဦးရေ(၃၈၅)ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်တို့အတွက် သောက်သုံးရေ ဖူလုံစွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။


 

ဆက်ချစ်(ကျေးလက်)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm