Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ် ပုထိုးနီ+နတ်ရင်းကုန်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


05 Sep,2023

ကျောက်ဆည် စက်တင်ဘာ ၅

                                        

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ပုထိုးနီကျေး ရွာအုပ်စု၊ ပုထိုးနီ+နတ်ရင်းကုန်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက် နေမှုများကို ယနေ့နံနက်ပိုင်းတွင် ခရိုင်ဉီးစီးမှူး၊ ဉီးဝင်းမြင့်နှင့်အတူ မြို့နယ်ကျေးလက်မှ တာဝန်ခံအင်ဂျင်နီယာများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

                   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင်ဉီးစီးမှူး၊ ဉီးဝင်းမြင့်၊ ကျောက်ဆည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများ၊ ပုထိုးနီ+နတ်ရင်းကုန်း ကျေးရွာရှိ ကျေးရွာရေကော်မတီဝင်များ နှင့်အတူ အကျယ်၄လက်မ၊ အနက်ပေ၅၀၀ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် ကျောက်ဆည်ခရိုင်ဉီးစီးမှူးမှ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

          ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၃၈.၉၃၆)သန်းဖြင့် ပုထိုးနီ+နတ်ရင်းကုန်း ကျေးရွာ၌ အကျယ် ၄ လက်မ၊ အနက် ပေ၅၀၀စက်ရေတွင်းတူးဖော်ခြင်းဂါလန်(၂၄၀၀)ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ အလျား၅ပေ၊ အနံ၅ပေ၊ အမြင့်၇ပေ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို လင်းယုန်အားမာန် ကုမ္ပဏီမှ တာဝန်ယူ၍ ဇူလိုင်လပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများ ၅၅ရာခိုင်နှုန်းခန့်ပြီးစီးနေပြီးဖြစ်ကြောင်းအဆိုပါလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပါက ပုထိုးနီ+နတ်ရင်း ကုန်းကျေးရွာရှိ အိမ်ခြေ (၉၀)ခု ၊လူဦးရေ (၃၅၇)ဦး သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိမည်ဖြစ် ကြောင်း ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင် ပြောပြ၍သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm