Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်းမြို့နယ် ဝက်ချုပ်ကုန်း(မ)ကျေးရွာ၌ သောက်သုံးရေသုံးစွဲနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး


05 Sep,2023

ကျောက်ပန်းတောင်း စက်တင်ဘာ ၅

          မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ( Shopping Method) ဖြင့်   လက်ပံပျားကျေးရွာအုပ်စု၊ ဝက်ချုပ်ကုန်း(မ) ကျေးရွာတွင် မြေသားရေကန် တူးဖော်ခြင်း (၂၀၀'x ၁၀၀'x ၅' ) ၊ ခြံစည်းရိုး (၈၀၀') ကာရံခြင်းလုပ်ငန်းအား ကုန်ကျငွေကျပ် (၁၆.၄) သန်းဖြင့် ၁၅.၇.၂၀၂၃ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါသည် ။

          အဆိုပါ ဝက်ချုပ်ကုန်း (မ) ကျေးရွာတွင် အိမ်ခြေ (၁၁၇)အိမ်၊ လူဦးရေ (၅၅၃) ဦး နေထိုင် လျှက်ရှိပြီး (၂.၈.၂၀၂၃) ရက်နေ့တွင် ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း နှင့် အင်ဂျင်နီယာအဖွဲ့များသည် လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်း(၇၅ %) ဆောင်ရွက်ပြီး ဖြစ်ကြောင်းတွေ့ရှိရပါသည်။

          ခရိုင်ဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သတ်မှတ်အတိုင်းအတာပြည့်မီ စေရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းထံမှ သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm