Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဝန်ထမ်းမိသားစုဆန္ဒဖော်ထုတ်ပွဲ (၂/၂၀၂၃) အခမ်းအနား


01 Sep,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဝန်ထမ်းမိသားစု ဆန္ဒဖော်ထုတ်ပွဲ (၂/၂၀၂၃) အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၁.၉.၂၀၂၃)ရက်နေ့ နေ့လည် (၃း၀၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ဘာသာရပ်ဌာနမှူးများ၊ အုပ်ချုပ်ရေး(စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ/ဆရာမများ၊ အုပ်ချုပ်ရေး(စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုး မှု) ဌာနများမှ အရာထမ်း၊ အမှုထမ်းများ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် ဆရာ/ဆရာမ၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့်အညီ လုပ်ငန်းခွင်အတွင်း လိုက်နာသွားကြရန်၊ အထက်အောက် ရိုသေလေးစားစွာ ဆက်ဆံကြရန်၊ ဆရာ၊ဆရာမများ အနေဖြင့် သင်ကြားမှုအပိုင်းတွင် စဉ်းစားတွေးခေါ်နိုင်မှုပေါ် အခြေခံပြီး သင်ကြားသည့် ပုံစံဖြင့် သင်ကြားကြရန်၊ ကျောင်းသား၊ကျောင်းသူများကို တွေးခေါ်နိုင်မှု စွမ်းရည်မြင့်မားအောင်  Teaching and Learning System ကို ကြိုးစားတည်ဆောက်သွားကြရန်၊ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းခွင်တွင် မိမိ အရည်အသွေး တိုးတက်လာရန် ကြိုးစားလေ့လာအားထုတ်သွားကြရန်၊ တက္ကသိုလ်မှ ဆရာ၊ဆရာမ၊ ဝန်ထမ်းများသက်သာချောင်ချိရေး အတွက်လည်း ရာသီပေါ်သီးနှံ စိုက်ပျိုးခြင်းနှင့် အခြားသော အစီအစဉ် ကောင်းများကို စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့ပြီးနောက် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်