Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ စီမံ၊ ဘဏ္ဍာနှင့် စီမံကိန်းရေးဆွဲနည်းသင်တန်း ဖွင့်လှစ်


04 Sep,2023

လောက်ကိုင် စက်တင်ဘာလ ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ စီမံ၊ ဘဏ္ဍာနှင့်စီမံကိန်းရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၄)ရက်၊ နံနက်(၁၀)နာရီအချိန်ကအဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်း ကအဖွင့်အမှာစကားပြောကြားရာတွင် ဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကို စဉ်ဆက်မပြတ်ဖော်ဆောင်ရန် အတွက် အဓိကပံ့ပိုးနေသူများမှာဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ဝန်ထမ်းများပင် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးရေးစီမံကိန်း၊လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေး အသိပညာများဆွေးနွေးဖလှယ်ပြီး ဦးစီးဌာန၏ ရည်မှန်းချက် ပန်းတိုင်များနှင့် မဟာဗျူဟာများအောင်မြင်ပြီးမြောက်စေသော လုပ်ဆောင်ချက် အစီအစဉ်များ ရရှိစေရန်အတွက် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများ မွေးထုတ်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒေသဦးစီးမှူးဦးဝေမင်းထက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်ဦး တို့က မိတ်ဆက် အမှာစကားပြောကြားပြီးနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာထွန်း ကသင်တန်းဆိုင်ရာ မူဝါဒ၊ စည်းကမ်းချက်များနှင့် သင်ကြားရေးအစီအစဉ်များနှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံကိန်းရေးဆွဲရေးဦးစီးဌာနဒေသဦးစီးမှူး ဦးဝေမင်းထက်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူးဦးဆက်နိုင်ထွန်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်ဦးနှင့် ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါသင်တန်းကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိလောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှသင်တန်းသူ/ သင်တန်းသား (၁၀)ဦးဖြင့် စက်တင်ဘာလ(၄)ရက်မှ (၁၅)ရက်အထိရက်သတ္တပတ်(၂)ပတ်ခန့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်ချစ်(ကျေးလက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm