Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ် ကျေးလက်ရေရရှိလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


05 Sep,2023

မန္တလေး စက်တင်ဘာ ၅

          မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဥယျာဉ်ကျေးရွာ ကျေးလက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းအချိန် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ဥယျာဉ်ကျေးရွာ၌ စက်ရေတွင်း တူးဖော်ပြီးစီးမှုအခြေအနေ၊ ဂါလံ(၅၀၀၀)ဆံ့အုတ်ရေကန်တည်ဆောက်နေမှုအခြေအနေ၊ (၅’×၅’×၇’) ရေစက်ရုံတည်ဆောက်နေမှုအခြေအနေ၊ ပိုက်လိုင်းသွယ်တန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီးနောက် မြို့နယ်ဦးစီးမှူးက ရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီ ဝင်များနှင့် တွေ့ဆုံပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး၊ သတ်မှတ် အတိုင်းအတာပြည့်မီရေးတို့ကို အလေးထား ဆောင်ရွက်ပေးရန် ပြောကြားသည်။

          မိတ္ထီလာမြို့နယ် ဥယျာဉ်ကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေခွင့်ပြုငွေကျပ် ၂၅ ဒသမ ၇၂ သန်း အသုံးပြုပြီး စက်ရေတွင်း ၄.၅’’Ø ၄၀၀’တူးဖော်ခြင်း၊ ဂါလံ(၅၀၀၀)ဆံ့ရေကန်တည်ဆောက်ခြင်း၊ (၅’×၅’×၇’) ရေစက်ရုံတည်ဆောက်ခြင်း၊ ပိုက်လိုင်း(၂’’Ø၂"ØPVC ၁၀၀၀')သွယ်တန်းခြင်းလုပ်ငန်းများကို သစ်ထူးမိုး ကုမ္ပဏီမှ တာဝန်ယူ၍ ဇွန် (၃၀)ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိအိမ်ခြေ ၁၀၈ အိမ်မှ လူဦးရေ ၅၇၂ ဦးအတွက် သောက်သုံးရေ ဖူလုံမည် ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm