Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့၌ ဘဏ္ဍာရေး စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်


05 Sep,2023

ဘားအံ  စက်တင်ဘာ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ ဘဏ္ဍာရေးစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့က အဆိုပါဦးစီးဌာနရုံးသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က ဘဏ္ဍာရေးစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချမည့် ဘာသာရပ်များကို ကြိုးစား သင်ယူကြစေလိုကြောင်းဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချစ်ဝေ၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဦးအောင်စိုး တို့မှ မိမိတို့ဘာသာရပ်အလိုက် သင်ကြားပို့ချမည့် ဘာသာရပ်များအား​ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်ကသင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါသင်တန်းကို ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ဦးရေ ၁၅ တက်ရောက်ကြပြီး စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ၁၀ ရက်ကြာ စာတွေ့၊ လက်တွေ့ဖြင့်  အခမဲ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm