အမ်း စက်တင်ဘာ ၂
ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လမ်းတံတားများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ကျောက်ဖြူခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမောင်မောင်ကျော်၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာန(QC) ဦးစီးအရာရှိ(မြို့ပြ) ဦးမောင်မောင်မိုးဝင်းနှင့်အဖွဲ့၊ အမ်းမြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိုးခိုင်နှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/ ပြည်နယ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ဒိုင်ကြီး - ကြောင်ဖြူကွင်း - ရပ်သာ ကျေးရွာချင်းဆက်လမ်းနှင့် မြောက်ပိုင်းရပ်ကွက် - ဆူးပုတ်ပျဉ်တောကျေးရွာချင်းဆက်လမ်း တည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်စစ်ဆေးပြီး လုပ်ငန်းများနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်တွင် အချိန်မီပြီးစီးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်