Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်းမြို့နယ်၌ ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


04 Sep,2023

ကျောက်ပန်းတောင်း စက်တင်ဘာ ၁

    မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာစေရန်နှင့် လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်စေရန် အတွက်ရည်ရွယ်၍ ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ လက်ပံပြား-ကြက်ဖြူတဲ-ဇလင်းတောင် ကျေးရွာချင်းဆက် မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ ညောင်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)အပါအဝင် ဦးစီးအရာရှိ (မြို့ပြ)များ၊ အငယ်တန်းအင်ဂျင်နီယာ(၁)နှင့် အငယ်တန်းအင်ဂျင်နီယာ(၂) ဝန်ထမ်းများက ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ လက်ပံပြား-ကြက်ဖြူတဲ-ဇလင်းတောင်ကျေးရွာချင်းဆက် မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာချုပ် ဦးလှခိုင်က မြေပြင်နှင့်အညီ M&E ပုံစံများ ရေးသွင်းနည်းကို ရှင်းလင်းပြသသည်။

   အဆိုပါ လက်ပံပြား-ကြက်ဖြူတဲ-ဇလင်းတောင် ကျေးရွာချင်းဆက်မြေသားလမ်းခင်းခြင်း လုပ်ငန်းမှာအရှည် ငါးမိုင်၊ အကျယ် ၂၄ ပေနှင့် အမြင့် နှစ်ပေရှိပြီး ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၁၉၈ ဒသမ ၉၉၅ သန်းဖြင့် ဇူလိုင်လ ပထမပတ်မှ စတင်ဆောင်ရွက်လျက်ရှိရာယခုအခါ လုပ်ငန်းများ ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အေးသူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm