မြောက်ဦး၊ စက်တင်ဘာ ၂
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် မြောက်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွန်းရန်နိုင်သူက အဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက် များကို ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် QC Tcam တာဝန်ခံ ဦးမောင်မောင်မိုးဝင်းက လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများ၊ ပြုလုပ်ပုံအဆင့်ဆင့်အတိုင်း ဆောင်ရွက်ရမည်ကို ရှင်းလင်းပြောကြားပြီး ကုမ္ပဏီများမှ တာဝန်ရှိသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြောက်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီခုနစ်ခုမှ တာဝန်ရှိသူများ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ခံများ၊ ခရိုင်/မြို့နယ်တာဝန်ခံအင်ဂျင်နီယာများ တက်ရောက်ကြောင်း သိရသည်။
ကိုသန်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်