ထန်းတပင် စက်တင်ဘာလ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေ ရယူ၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်းသားတောင်သူ များ၏ မိုးစပါးစိုက်ပျိုးမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်လည်း မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက ကြို့ကုန်းကျေးရွာတွင် ကြို့ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ(၅၃)ဦး စိုက်ပျိုးထားသည့် ဆင်းသုခ စပါးစိုက်ခင်း(၄၅၂)ဧကကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးစပါးများအောင်မြင်စွာ စိုက်ပျိုးနိုင် ရေး၊ သွင်းအားစုများအား အချိန်အခါနှင့်အညီစနစ် တကျအသုံးပြု သွားရန်နှင့်ပျက်စီး လေ့လွင့်မှု နည်းအောင်ဆောင်ရွက် သွားရန်တို့ကိုအသိပညာပေးရှင်းလင်းပြောကြားသည်။
ထန်းတပင်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှပံ့ပိုးငွေရယူ၍ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသောသမဝါယမအသင်းသား တောင်သူ(၁၁၇)ဦးရှိပြီး မိုးစပါး စိုက်ဧက(၁၁၂၀)ဧက စိုက်ပျိုးထားရှိကြောင်းလည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်