Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တန့်ယန်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း သွင်းအားစုပံ့ပိုးချေးငွေများ ကွင်းဆင်းပေးအပ်


04 Sep,2023

တန့်ယန်း စက်တင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား သမဝါယမဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုး ရေးစီမံကိန်း သွင်းအားစုပံ့ပိုးချေးငွေများပေးအပ်ခြင်းနှင့် ထပ်ဆင့်စာချုပ်ချုပ်ဆိုပေးအပ်ခြင်းအခမ်း အနားကို နမ့်ဟူးလွယ်ကာကျေးရွာ၌ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခဲ့သည်။

အဆိုပါ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းသွင်းအားစုပံ့ပိုးချေးငွေများပေးအပ်ခြင်း အခမ်းအနား တွင် မြို့နယ်သမဝါယမဦးစီးဌာနမှူး ဦးအောင်မင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလှစိုးဝင်း တို့က သွင်းအားစုပံ့ပိုးချေးငွေ ထပ်ဆင့်စာချုပ်ပေးအပ်ရခြင်းနှင့်ပတ်သက်သည်များကို တောင်သူ များအား ရှင်းလင်းပြောကြားကာ နမ့်ဟူးလွယ်ကာနှင့် ပန်ညောင်ကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းနှစ်သင်းအား တစ်ဧကလျှင် နှစ်သိန်းနှုန်းဖြင့် စိုက်ပျိုးဧက ၂၀၀ အတွက် စုစုပေါင်း ငွေကျပ်သိန်း ၄၀၀ အား ပေးအပ်ခဲ့ကြကြောင်း သိရသည်။        

  မင်းလွင်ဦး(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm