Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောင်းဆုံမြို့နယ်၌ အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဖွင့်ပွဲကျင်းပ


04 Sep,2023

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ၊ ချောင်းဆုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။ သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦးက သင်တန်းဖွင့်လှစ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားနောက် သင်တန်းတွင်လိုက်နာရမည့်စည်းကမ်းချက်များကို ဆက်လက်ရှင်းလင်းပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသူများကို သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကိုချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြဆရာမက စာတွေ့လက်တွေ့ဖြင့် ရက် ၃၀ ကြာ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm