Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး


01 Sep,2023

မန္တလေး စက်တင်ဘာ ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းသည်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၃၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများကိုကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမောင်းဝင်းနှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီးတိုင်းဒေသကြီးရုံးအစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဝန်ထမ်းများနှင့်တွေ့ဆုံရာတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်က တိုင်းဒေသကြီးအတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြ ပါသည်။ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည်စွက်မှာကြားပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင် မြို့နယ် ကျင်ဂနိုင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော အကျယ်လေးလက်မ အနက်ပေ၃၀၀ ရှိ စက်ရေတွင်းတူးဖော် ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ကုန်းပေါကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ၊ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည် ကျေးရွာတွင်းလမ်းအရှည်ပေ ၅၅၀၊ အကျယ် ၁၂ ပေ အမြင့် ကိုးလက်မထု ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီးဒုတိယ ညွှန်ကြားရေးမှူးချုပ်က စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးရေးနှင့် ကတ္တရာလမ်းအား ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားကာပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကျင်ဂနိုင်ကျေးရွာ စက်ရေတွင်း အကျယ်လေးလက်မ အနက်ပေ ၃၀၀ ရှိစက်ရေတွင်း တူးဖော်ခြင်း၊ ဂါလန် ၅၀၀၀ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းကို ယခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉ဒသမ ၀၄၁ သန်းဖြင့်လည်းကောင်း၊ ကုန်းပေါ ကျေးရွာ ကျေးရွာတွင်းလမ်း အရှည်ပေ ၅၅၀၊အကျယ် ၁၂ ပေ အမြင့် ကိုးလက်မထု ကတ္တရာ ခင်းခြင်း လုပ်ငန်းကိုကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၃၀ ဖြင့်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm