ညောင်လေးပင် စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အရှေ့ဇီးကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လျှပ်စစ်မီးရရှိရေး ၄၀၀ ဗို့ဓါတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးတွင် ညောင်လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်း ၄၀၀ ဗို့ဓါတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက် မှာကြားပါသည်။
အဆိုပါ ကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် ၄၀၀ ဗို့ဓါတ်အားလိုင်း ၉၅၀၀ ပေ သွယ်တန်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုတးက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ်သိန်း ၁၈၀ ၊ ပြည်သူထည့်ဝင်ငွေကျပ် ၅၀၈ ဒသမ ၉၅ သိန်း၊ စုစုပေါင်းကုန်ကျငွေ ကျပ် ၆၈၈ ဒသမ ၉၅ သိန်းဖြင့် မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ နည်းပညာ အကူအညီ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ဇွန်လ ပထမအပတ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ လျှပ်စစ်မီးရရှိရေး ၄၀၀ ဗို့ ဓါတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာနေပြည်သူများအတွက် အချိန်ပြည့် လျှပ်စစ်မီးများရရှိနေပြီ ဖြစ်ကြောင်း ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်