Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်)ဆောင်ရွက်မည့် သမဝါယမအသင်းသားတောင်သူများသို့ မတည်ချေးငွေများ ပေးအပ်


01 Sep,2023

ထားဝယ်၊ စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ သမဝါယမကဏ္ဍမှ မိုးစပါးဧက ၆၀၄၀ စိုက်ပျိုးရေးစီမံကိန်းအတွက် တစ်ဧကအထွက်နှုန်းတိုးစေရေး(မြစိမ်းရောင်) အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထားဝယ်မြို့နယ်အတွင်း အခြေခံသမဝါယမအသင်းများမှ အသင်းသားတောင်သူ များအား ချေးငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်)ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌကိုယ်စား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောအောင်မွန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်)ကြီးကြပ်မှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အတွင်းရေးမှူး ဒေါ်ဝါဝါလွင်နှင့် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ ဦးသိန်းဝင်းတို့က ထားဝယ်မြို့နယ်အတွင်း မိုးစပါးရာသီတွင် မိုးစပါးဧက ၆၀၄၀ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ပတ်သက်၍ မိုးစပါးတောင်သူများအား လယ်တစ်ဧကလျှင် နှစ်သိန်းနှုန်းနှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငှါးပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ထားဝယ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ ၆ ခုမှ အသင်းသားတောင်သူများ စိုက်ပျိုးမည့်ဧက ၅၇၈ အတွက် မတည်ငွေကျပ်သိန်း ၁၁၅၆ အား အခြေခံသမဝါယမအသင်း အမှုဆောင်များထံသို့ လွှဲပြောင်းထုတ်ချေးပေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ အသေးစားစက်မှု လက်မှုဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်များအပြင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့များ၊ အခြေခံသမဝါယမအသင်းများမှ အသင်းဥက္ကဋ္ဌများနှင့် အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm