Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း သန်လျင်၌ ဆောင်ရွက်


30 May,2022

သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာ ၃၀ အနက် ကံသာမြင့်နှင့် ဘယက်ကျေးရွာတို့သည် မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ရရှိသော အတိုးငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်ရန် သတ်မှတ်ကာလပြည့်ပြီးဖြစ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အတိုးရငွေ ၅၀ ရာခိုင်နှုန်း ကို သုံးစွဲ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။    

ထိုသို့ဆောင်ရွက်လျက်ရှိရာ ကံသာမြင့်ကျေးရွာတွင် စိန်ခြယ်လမ်းကွန်ကရစ်လမ်းနှင့် ငုဝါလမ်း ကွန်ကရစ်ခင်းခြင်း၊ဘယက်ကျေးရွာတွင် စာသင်ကျောင်းရှေ့အုတ်ရေမြောင်းဆောင်ရွက်ခြင်းလုပ်ငန်းများ ကို မေ ၂၆ ရက်က တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊သန်လျင်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်နှင့်ဦးစီးအရာရှိ(နည်းပညာ) ဒေါ်ဥမ္မာခိုင်တို့ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။     


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm