Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယအကြိမ်မွမ်းမံသင်တန်းကို ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် ဆောင်ရွက်


01 Sep,2023

ကရင်ပြည်နယ်၊ စက်တင်ဘာလ ၁ ရက်

            ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း (၇)ခု အနက်မှ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်မည့် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် ဒုတိယအကြိမ်မွမ်းမံ အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်းများပြုပြင်နည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါဖွင့်ပွဲတွင် ကော့ကရိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီမှူးက အဖွင့်အမှာစကားပြောကြား၍ စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြီး သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲပါသည်။ အဆိုပါအခမ်းအနားတွင် ကော့ကရိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များနှင့်လုပ်ငန်းဆောင်ရွက်မည့်သူများ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

            အဆိုပါကျေးရွာတွင် အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်းများပြုပြင်နည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် ဒုတိယအကြိမ်မွမ်းမံသင်ကြားပေးခြင်းဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ် (၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm