Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဝန်ထမ်းသက်သာ ကုန်မျိုးစုံအရောင်းဆိုင် ဖွင့်လှစ်ပေး


01 Sep,2023

နေပြည်တော် စက်တင်ဘာ ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအောက် မြို့နယ် (၄၅) မြို့နယ်မှ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၂/၂၀၂၃) တက်ရောက်နေသော မြို့နယ်အင်ဂျင်နီယာ (တာဝန်ခံ) များနှင့် တွေ့ဆုံ၍ ယုံကြည်ချက်၊ ခံယူချက် ရှင်သန်ခိုင်မာထက်မြက်သော ဝန်ထမ်းကောင်းများ ဖြစ်စေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စိတ်ရင်းစေတနာ ထက်သန်စွာ ဆောင်ရွက်ကြရေး၊ ပါတီ နိုင်ငံရေးနှင့် အဂတိတရားကင်းရှင်းရေး တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဝန်ထမ်းသက်သာ ကုန်မျိုးစုံအရောင်း ဆိုင်ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဝန်ထမ်းသက်သာ ကုန်မျိုးစုံအရောင်းဆိုင်မှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပဲမျိုးစုံ၊ အားလူး၊ ငံပြာရည် စသည့် အခြေခံစားကုန်များ၊ ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည်၊ လက်သန့် ဆေး၊ မျက်နှာသစ်ဆေး စသည့် လူသုံးကုန်ပစ္စည်းများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများ စိတ်ချမ်းမြေ့စွာ ဝယ်ယူအားပေးလျက် ရှိပါသည်။ အလားတူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ ကျန်ဦးစီးဌာန(၃)ခုတွင်လည်း ဝန်ထမ်းသက်သာဆိုင်များ ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းစားရိပ်သာတွင် ဝန်ထမ်းများနှင့်အတူ နေ့လည်စာ စားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm