Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သထုံမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် ဆောင်ရွက်သောလုပ်ငန်းများကွင်းဆင်းစစ်ဆေး


01 Sep,2023

သထုံမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် ဆောင်ရွက်သောလုပ်ငန်းများကွင်းဆင်းစစ်ဆေး မွန်ပြည်နယ် ၊ သထုံခရိုင် ၊ သထုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေများဖြင့်  ပရိဘောဂလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းယု၊ သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံ၊ သထုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်သွယ်ဦးနှင့် ဝန်ထမ်းများက သရက်တောကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ကော်မတီဝင်များနှင့်တွေ့ဆုံကာ စီမံကိန်းချေးငွေများဖြင့် ဆောင်ရွက်သည့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဖြစ်သော ပရိဘောဂလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းယုမှ မှာကြားခဲ့ကြောင်းသိရသည်။ သရက်တောကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄ ဦး ကို ငွေကျပ် ၂ ဒသမ ၆ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦးကို ငွေကျပ် ၃ ဒသမ ၈ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ  ၄၅ ဦးကို ငွေကျပ် ၁၃ ဒသမ ၈ သန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၃၄ ဦးကို ၁၁ ဒသမ ၆ သန်း စုစုပေါင်း စီမံကိန်းအသင်းသား ၉၈ ဦး ကို ချေးငွေကျပ် ၃၁ ဒသမ ၈ သန်း ကို ၂၀၂၃ခုနှစ် ဇူလိုင်လ ဒုတိယပတ်မှစ၍ စတုတ္တအကြိမ်မြောက်ထုတ်ချေးထားကြောင်းနှင့် အဆိုပါစီမံကိန်းချေးငွေများဖြင့်မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm