နေပြည်တော် ၊ ဩဂုတ် ၃၀ ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်အင်ဂျင်နီယာ (တာဝန်ခံ)များ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၂/၂၀၂၃)သို့ (၃၀-၈-၂၀၂၃)ရက်နေ့ နေ့လည်(၁၄:၃၀) နာရီ အချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် တက်ရောက်အမှာစကား ပြောကြားရာ မြို့နယ်တာဝန်ခံများ အနေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျင့်ဝတ်နှင့်တန်ဖိုး ဟူသော ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးကိုရှေးရှု၍ ဆောင်ရွက်ကြရန်၊ အင်ဂျင်နီယာကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များကိုလိုက်နာ၍ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် ကျေးလက်လမ်းတံတားများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်