Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မောင်တောမြို့နယ်သမဝါယမအသင်းစု(လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


01 Sep,2023

မောင်တော၊ စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သမဝါယမအသင်းစု (လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးစံရွှေနှင့် မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ထွန်းတို့က အမှာစကားပြောကြားပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်၏ အမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာကို မြို့နယ်သမဝါယမအသင်းစု အတွင်းရေးမှူး ဦးအလုံးမောင်နှင့် အသင်းစာရင်းစစ်အဖွဲ့အစီရင်ခံစာကို အသင်းသားစာရင်းစစ် ဦးကျော်မြက ဖတ်ကြားခဲ့သည်။ ၎င်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို တက်ရောက်လာကြသော အသင်းဝင် ကိုယ်စားလှယ်များမှ သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ချက်ရယူခဲ့သည်။ ထို့နောက် လယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အမှုဆောင်များအား အမှုဆောင်ဆုများ ပေးအပ်ခြင်း၊ လယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း ၃ သင်းသို့ စုဆောင်းငွေပေါ် အတိုးငွေကျပ် ၄၈၀၀၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm