Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာတွင် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း စတင်ဆောင်ရွက်


31 Aug,2023

ရှမ်းပြည်နယ်၊ ဩဂုတ်လ ၃၁ ရက်

            ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေးဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်မည့်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာတွင် လူသုံးကုန်လုပ်ငန်းလုပ်ကိုင်လိုသူ(၁၀)ဦးအား လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး က စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းတင်ပြခဲ့ပါသည်။ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် လုပ်ငန်းဆောင်ရွက်မည့်သူများတက်ရောက်ခဲ့ကြပါသည်။

            အဆိုပါကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

           


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm