Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေး


31 Aug,2023

လောက်ကိုင် ဩဂုတ် ၃၁


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ လောက်ကိုင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း လောက်ကိုင်မြို့နယ်၊ ရွှေယင်စီးကျေးရွာအုပ်စု၊တာရှီကမ်းပါးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)အားနိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း(၁၅၀)ဖြင့် ကျေးရွာများ၏ ပကတိအမှန်လိုအပ်ချက်ဖြစ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကိုဩဂုတ်လ (၃၁)ရက်တွင်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူးဦးဆက်နိုင်ထွန်း၊ လောက်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဇော်နန်းနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရွှေယင်စီးကျေးရွာအုပ်စု၊တာရှီကမ်းပါးကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၅၀၀’x၁၂’x၆’’)ဆောက်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီးကျေးရွာဖွံ့ဖြိုးရေးကော်မတီများ(VDCs)နှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးသောဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်း၍ အကျိုးရှိစွာအသုံးချကြပါရန် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်းကလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၏ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အားလုံးကို ကျေးရွာသူ/ ကျေးရွာသားများကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက နည်းပညာပိုင်း အနီးကပ်ပံ့ပိုးကြီးကြပ် ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm