မိုင်းရယ် ဩဂုတ် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုင်းရယ်မြို့နယ်၊ လွယ်ငင်းကျေးရွာအုပ်စု၊ နားအွမ်ကျေးရွာ၌ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တန့်ယန်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်၊ မိုင်းရယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ခိုင်ဝင်းနှင့် ဝန်ထမ်းများက ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ နားအွမ်ကျေးရွာတွင် သောက်သုံး ရေရရှိရေး စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးသည်။
အဆိုပါ ပန်ဟုန်း(မန်ဟုန်း)ကျေးရွာ သောက်သုံးရေရရှိရေးအတွက် အရှည် တစ်မိုင် စိမ့်စမ်းရေ သွယ်ယူခြင်း၊ ရေတားတမံတည်ဆောက်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၁ ဒသမ ၃၄၁ သန်းဖြင့် K1 Solution ကုမ္ပဏီ ဇူလိုင်လ ဒုတိယအပတ်မှ အကောင်အထည်ဖော်ဆောင်ရွက်ရာ ယခုအခါ ၈၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၃ အိမ်၊ လူဦးရေ ၅၄ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် ရာသီမရွေး သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားပြီဖြစ်ကြောင်း တန့်ယန်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်လွင်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်