Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ဝန်ဖို့စံပြကျေးရွာတွင် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း စတင်ဆောင်ရွက်


29 Aug,2023

မြိတ်ခရိုင်၊ ဩဂုတ်လ ၂၉ ရက်

            တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်း(၇)ခုအနက်မှ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ကျေးလက်နေပြည်သူများဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်မည့် မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ဝန်ဖို့စံပြကျေးရွာတွင် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်လိုသူ(၁၅)ဦးအား တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ၂၉-၈-၂၀၂၃ ရက်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါဖွင့်ပွဲတွင် မြိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ သင်တန်းသားများ အားသင်တန်းသုံးသင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဝင်နှင့်လုပ်ငန်းဆောင်ရွက်မည့်သူများတက်ရောက်ခဲ့ကြပါသည်။

            အဆိုပါကျေးရွာတွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာတတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

           

           


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm