Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် မိုးဝန်း(န)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်သစ်ပြန်လည်ဖွဲ့စည်း


31 Aug,2023

စလင်း     ဩဂုတ်     ၃၁
 
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်ကျေးလက်ဒသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကမြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် မိုးဝန်းကျေးရွာ အုပ်စု၊မိုးဝန်း(န)ကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်သစ် ပြန်လည်ဖွဲ့စည်းပေးခြင်းကိုဩဂုတ်(၃၀) ရက်နေ့ မွန်းလွဲ၁ နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ဖွဲ့စည်း‌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
            ပထမဦးစွာ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊လုပ်ငန်းအဖွဲ့ဝင်များလုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များ၊စည်းမျဉ်းစည်းကမ်းများ၊‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဥပဒေ၊နည်းဥပဒေပါကျေးလက်ပြည်သူများ၏ ရပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊လုပ်ငန်းအဖွဲ့ဝင်‌ ရွေးချယ်ရာတွင်လိုက်နာရမည့်စည်းကမ်းချက်များအားရှင်းလင်းပြောကြားခဲ့သည်။ 
           ဆက်လက်၍ တက်ရောက်လာသူကျေးရွာသူ‌ရွာသားများက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာမြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က ပြန်‌လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
           ထို့နောက်စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်နှင့်ဝန်ထမ်းများကမိုးဝန်း(န)နှစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်သစ်အမျိုးသား(၂)ဦးအား အများသဘောဆန္ဒနှင့်အညီ ရွေးချယ်အတည်ပြုဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။                              
            စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေတောင်သူလယ်သမားများအတွက် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ဝင်ငွေရအသေးစားလုပ်ငန်းများအားသက်သာသောသောအတိုးနှုန်းဖြင့်ချေးငွေရရှိနိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မိုးဝန်း(န) ကျေးရွာ၌ ၂၀၁၄-၂၀၁၅ခုဘဏ္ဍာရေးနှစ်တွင်စတင်ဆောင် ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ‌လည်ပတ်ဆောင်ရွလျက်ရှိကြောင်း စလင်းမြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm