Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးညှင်းမြို့နယ် ဟဲလုံစံပြကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ရန်ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ


30 Aug,2023

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ဖြင့် အကောင်အထည်ဖော်​ဆောင်ရွက်မည့် ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို သြဂုတ်လ ၂၈ ရက်က အဆိုပါကျေးရွာ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးမြတ်ခိုင်ကို၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီး မှူးဦးဌေးမြင့်၊​ကျေးရွာအုပ်ချုပ်ရေးမှူးဦးလှအောင်နှင့်ကျေးရွာရပ်မိရပ်ဖများက သတ်မှတ်နေရာအသီးသီး ၌ ပန္နက်တင်ရိုက်ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမြတ်ခိုင်ကို၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ ၊​ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ ၊​  ကျေးရွာရပ်မိရပ်ဖများနှင့်ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

ကျေးရွာဘက်စုံသုံးခန်းမကို ယခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ငွေကျပ်သိန်း ၁၅၀ ၊​  မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေကျပ် သိန်း၂၀၀၊ စုစုပေါင်း ငွေကျပ်သိန်း ၃၅၀ဖြင့် အလျား ပေ ၆၀၊ အနံ ပေ ၃၀ နှင့် အမြင့် ၁၂ ပေရှိ အုတ်ညှပ်တစ်ထပ်အမျိုးအစား ကျေးရွာ ဘက်စုံသုံးခန်းမ​ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

(၃၀.၈.၂၀၂၃)ရက်နေ့ထုတ်မြဝတီသတင်းစာ စာမျက်နှာ(၁၀)၊ကော်လံ(၁/၂/၃/၄/၅/၆)တွင်ပါရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm