မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတား တည်ဆောက်နေမှုအခြေအနေကို ဩဂုတ် ၂၅ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူနှင့်မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ နှင့်အတူ ကွန်ကရစ်တံတားတည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်မည့် သုခစုလျှံကုမ္ပဏီ မှ တာဝန်ရှိသူက ကွန်ကရစ်တံတား တည်ဆောက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြမှုအပေါ် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူက လုပ်ငန်းများအချိန်မီ ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက် သွားစေလိုကြောင်း မှာကြားသည်။
လယ်ကိုင်း - ရွှေလှေ - ထနောင်းကုန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အရှည်ပေ ၆၀ ကွန်ကရစ်တံတားတည်ဆောက် ခြင်းလုပ်ငန်းကို ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်ပြည်ထောင်စုခွင့်ပြုငွေ ငွေကျပ် ၁၉၆ ဒသမ ၄ သန်းဖြင့် သုခစုလျှံကုမ္ပဏီက ဩဂုတ်ပထမပတ်မှ စတင်တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းဆောင်ရွက်မှု ၁၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အဆိုပါတံတား တည်ဆောက်ပြီးစီးပါက အနီးပတ်ဝန်းကျင် ကျေးရွာ ခုနစ်ရွာရှိ အိမ်ခြေ ၁၆၂၅ အိမ် လူဦးရေ ၇၁၃၀ တို့အတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်